CIA မဟုတ်သော CIA

CIA
CIA ဆိုတာ ရုပ်ရှင်တွေထဲမှာတော့ကြားဖူးကြမှာပါ။ ခု CIA ကတော့ Security Concept တခုပါ။

Network Security ရဲ့ challenge တခုကတော့ data တွေကို လွယ်လင့်တကူ ဘယ်နေရာကပဲဖြစ်ဖြစ် access လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် တခြားတဖက်အနေနဲ့ မလိုအပ်တဲ့ access လုပ်ခြင်းတွေကိုတော့ protect လုပ်ထားရပေဦးမယ်။ အဲတော့ အရမ်းလွယ်ကူလွန်းရင်လည်း Risk တွေများလားနိုင်သလို Risk တွေများမှာစိုးတာနဲ့ အရမ်းကြီး
တင်းကြပ်လွန်းပြန်ရင်လည်း Easy Access ဆိုတဲ့ လွယ်လွယ်ကူကူ Access လုက်နိုင်ဖို့အလှမ်းဝေးသွားနိုင်ပါတယ်။

Easy Access >Too Risky
Too Much Security > Not Easy Access > Not Business Goal
အဲတော့ Balance ဖြစ်ရမှာပေါ့။

အကြာင်းအရာကိုပြန်ကြည့်လိုက်ရင် Data အကြောင်းကိုပဲတွေ့ရမှာပါ။ ဟုတ်ပါတယ်။ Network Security ရဲ့ အဓိက က Data ကို Protect လုပ်ပေးနိုင်ဖို့ဖြစ်ပါတယ်။

Data ကို Protect လုပ်ပေးဖို့ဆိုတဲ့နေရာမှိာုနားလည်ထားရမယ့် Basic Concept သုံးခုရှိပါတယ်။
သူတို့ကတော့
Confidentiality
Integrity
Availability ဆိုတဲ့ CIA ပဲဖြစ်ပါတယ်။  (  AIC triad  လို့လဲ ခေါ်ပါတယ်)

Confidentiality
Data ဆိုတာမှာ နှစ်မျိုးရှိပါတယ်။ Network ပေါ်မှာသွားနေတဲ့ Data နဲ့ storage media တွေဖြစ်တဲ့ server တို့ cloud တို့ စသည်တို့မှာ ငြိမ်ငြိမ်သက်သက်ရှိနေတဲ့ Data ပဲဖြစ်ပါတယ်။အခေါ်အဝေါ်အနေနဲ့က Data in motion နဲ့ Data at Rest ပါ။
confidentiality ဆိုတာက only authorized users များကသာ အဲဒီ data ကို access လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ မဆိုင်တဲ့လူ access လုပ်လို့မရနိုင်ဘူးပေါ့ဗျာ။
အကြမ်းဖျင်းအနေနဲ့ Data ကို Encrypt လုပ်၍သော်လည်းကောင်း Separate Network သုံး၍္ဒသော်လည်းကောင်း စသည်ဖြင့် ကာကွယ်နိုင်ပါတယ်။

Integrity
ဒါက Only Authorized Users များကသာ data ကိုအပြောင်းအလဲ
ု ပြုလုပ်ခွင့်ရှိရပါမယ်။ တခြားသူ ပြောင်းရင်ပြောင်းလို့မရ နိုင်ရပါဘူး။

Availability
အဲဒီ Only Authorized User တွေကပဲ ဘယ်အချိန် data ကို access လုပ်လုပ် လုပ်လို့ရနိုင်ခြင်းဟာ availability ပါပဲ။ ဘယ်အချိန် ပဲဖြစ်ဖြစ် Access လုပ်လို့ရနိုင်ရမယ်ပေါ့ဗျာ။

” Security က Data အတွက် Data က Company များရဲ့အရေးတကြီးဆိုတော့ကာ
Security ရဲ့အခန်းကဏ္ဏဟာလည်း Network ရဲ့ အရေးကြီး အခန်းကဏ္ဏဖြစ်မယ်ဆိုရင်ဖြင့်… “

I know CIA but I am not from CIA. 😉

ညီညီမင်း(iP6)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s