လက်ရှိ Cisco ရဲ့ CCNA Exam ကြေးက 325 USD ဖြစ်ပါတယ်။
CCNA Exam ဖြေဆိုမယ့်သူတွေအတွက်
Exam Center အကြောင်းနဲ့ Exam ကြေး အကြောင်းကို သိထားရင်ပိုကောင်းပါတယ်။
ဘယ်သူက စစ်မေးတာလဲ ?
Cisco Exam တွေကို Pearson Company ကြီးရဲ့ လက်အောက်မှာရှိတဲ့ Pearson VUE ဆိုတဲ့ အဖွဲ့အစည်း သို့မဟုတ် Computer-Based Testing Center ကြီးက Cisco Exam တွေအပါအဝင် အခြား Exam များစွာကို စစ်မေးတဲ့ Service ပြုလုပ်ပေးတာဖြစ်ပါတယ်။
လွယ်လွယ်ပြောတာပိုရှင်းတယ်။
Pearson VUE က စစ်မေးတယ်ပေါ့ဗျာ။
Local Exam Center များဖြစ်တဲ့ Pearson VUE Authorized Center များကနေပြီးတော့ Exam များကို အလွယ်တကူဖြေဆိုနိုင်အောင် စီစဉ်ပေးထားပြီး ကိုယ့်ပြည်တွင်းမှာပဲ Exam များကို အလွယ်တကူဖြေဆိုနိုင်ပါတယ်။ Authorized Exam Center များမရှိဘူးဆိုရင် ပြည်ပမှာ သွားရောက်ဖြေဆိုရမှာ ဖြစ်လို့Authorized Exam Center များရှိတာ အလွန်ကောင်းပါတယ်။ ပြည်တွင်းမှာပဲ အချိန်ကုန် ငွေကုန် လူပင်ပန်း သက်သာစွာ ဖြေဆိုနိုင်ပါတယ်။
Exam Fee
စာမေးပွဲကြေးကတော့ Test Voucher Fee နဲ့ Exam Center Admin Fee နှစ်ခုကို တစ်ခါတည်း ပေးဆောင်ရပါတယ်။
Test Voucher Fee ကတော့ Pearson VUE ကသက်မှတ်ထားတဲ့ ကိုယ်ဖြေမဲ့ Exam ရဲ့ စာမေးပွဲကြေးဖြစ်ပါတယ်။ လက်ရှိ Cisco ရဲ့ CCNA Exam ကြေးက 325 USD ဖြစ်ပါတယ်။အောက်ကလင့်မှာ သွားကြည့်လို့ရပါတယ်။ ကိုယ်ဖြေမယ့် နိုင်ငံရဲ့ Exam ကြေးကို အတိအကျ သိနိုင်ပါတယ်။
http://www.pearsonvue.com/vouchers/pricelist/cisco.asp
Exam Center Admin Fee ကတော့ Local Authorized Exam Center ပေါ်သာမူတည်တာဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု အနည်းငယ်သာ ကွာခြားပါတယ်။ တစ်သောင်း ပတ်ဝန်းကျင်လောက်သာဖြစ်ပါမယ်။
CCNA Exam Admin Fee ကတော့ သုံးသောင်းပတ်ဝန်းကျင်ရှိပါတယ်။
ဘယ်အချိန်တွေ စာမေးပွဲ စစ်တာလဲ ?
24/7 ဝန်ဆောင်မှုပေးတာဖြစ်လို့ Exam တွေကို ကိုယ်အဆင်ပြေတဲ့ အချိန် ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
Exam ဖြေမဲ့ နေ့ရက် ၊ အချိန် စတာတွေကို Exam Center မှာ သွားရောက် Exam Fee ပေးသွင်း Register လုပ်ကာဖြေကာဖြေဆိုနိုင်ပါတယ်။ တပတ် ငါးရက်ခန့် ကြိုပြီး Register လုပ်ထားရင် ပိုအဆင်ပြေပါတယ်။
တစ်ချို့ Center များမှာ ခုစာရင်းသွင်း ခုဖြေ One-Stop Service လည်းရှိပါတယ်။ ကျွန်တော်ကတော့ ခုရောက် ခုဖြေ ပိုလုပ်ဖြစ်တာများပါတယ်။
ID Cards
Exam ဖြေဆိုမယ်ဆို ID Cards နှစ်ကဒ်လိုပါတယ်။ (ယခုအချိန် လိုမလို Center ကိုမေးပါ။)
မှတ်ပုံတင် ၊ Passport ၊ ကျောင်းသားကဒ် စသည်ဖြင့် ID နှစ်ကဒ်ယူသွားရပါမယ်။
စာမေးပွဲ ရလဒ်
Exam တွေက Computer-Based Test ဖြစ်ပါတယ်။ Exam ဖြေဆိုပြီးတာနဲ့ အောင် မအောင် ရလဒ်ကို ချက်ခြင်းသိရပါတယ်။
လက်မှက်ဘယ်လိုထုတ်မလဲ
CCNA certificate ကို နှစ်မျိုးထုတ်လို့ရပါတယ်။
Hard Copy (Print ထုပ်ပြီးသားလက်မှက်) ယူယူ
ဒါမှမဟုတ်
Soft Copy (PDF) ယူယူ
တခုကြိုက်တာထုတ်လို့ရပါတယ်။
နှစ်ခုလုံးလိုချင်ရင်တော့ 3 $ ထပ်ပေးရပါတယ်။
Exam Center ကဝန်ဆောင်မှုပေး မပေး ကြိုစုံစမ်းထားသင့်ပါတယ်။
Cisco Aggrement (NDA)
Exam ဖြေဆိုသူတွေအနေနဲ့ Cisco ရဲ့ Agreement ကို သဘောတူပြီးဖြစ်လို့ Exam ရဲ့ တစ်ချို့အကြောင်းအရာတွေကို Public Share လုပ်တာတွေကို မလုပ်သင့်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင် Exam မှာ ဒီမေးခွန်းပါတယ်ဆိုတာမျိုး ပြန် Share ခြင်းဖြစ်ပါတယ်။ (ဒါကိုသေချာ သိထားသင့်ပါတယ်။)
အဆင်ပြေကြပါစေ။ 🙂
About author
Nyi Nyi Min, CCNP, CCDP, is a Instructor and Course
Developer on CCNA, CCNP, CCIE. He holds multiple
professional certifications from Cisco Juniper,
Microsoft, VMware, etc.. and worked and supported
several enterprise networks. He is Founder of
IP6 Networks (www.ip6networks.com), where he currently teaches
CCNA, CCNP Classes.